သာစည်မြို့နယ် ညောင်ရမ်းအခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုသို့ ကြည့်ရှုခြင်းနှင့် Mask Campaign ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ် ညောင်ရမ်းအခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုသို့ ကြည့်ရှုခြင်းနှင့် Mask Campaign ပြုလုပ်

 


MNP - စက်တင်ဘာ   ၁၃


မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်  ညောင်ရမ်းအခြေခံပညာအထက်တန်းကျောင်း၌  အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား/သူများအား ယမန်နေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီက သွားရောက်ကြည့်ရှုအားပေးပြီး   Mask Campaignနှင့် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များက အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသား/သူများအား  ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ကျောင်းဆင်းချိန်တွင် ကျောင်းသား/သူများနှင့် ဆရာ/မများအား ပါစပ်နှင့်နှာခေါင်းစည်း (Mask) ၇၅၀ကို ဖြန့်ဝေပေးပြီး  စနစ်တကျတပ်ဆင်ရန်နှင့်နေအိမ်ပြင်ပထွက်သည့်အခါတိုင်း တပ်ဆင်ကြရန် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)