Pages

Pages

ဂွမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်






MNP ၊ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ အိုမီခရွန်မျိုး ရိုးဗီဇပြောင်းရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယနေနံနက် ၈ နာရီအချိန်က မြို့မဈေး၊ လူစည်ကားရာနေရာများ ၊ လမ်းဆုံလမ်းခွများတွင် သွားလာနေကြသော ဒေသခံပြည်သူ များ၊ ဈေးဝယ်သူများအား Mask Campaign အခမဲ့ဖြန်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ကူးစက်မြန် ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီ ဖြစ်သဖြင့် ကာကွယ်ထိန်း ချုပ်နိုင်ရန် ကျန်းမာ ရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီလိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာကြရန်နှင့် ကိုဗစ်- ၁၉ရောဂါ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ နှင့်  Mask Camp aign ဆောင်ရွက်ရာ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးဇာနည်ကျော် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လမ်းသွားလမ်းလာပြည်သူများအား နှာ ခေါင်းစည်း Mask များအခမဲ့တပ်ဆင်ပေးခြင်းများပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment