Pages

Pages

ဒက္ခိဏသီရိမြို့နယ်တွင် အိမ်ထောင်စုများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချ ပေးခြင်းနှင့် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်



MNP - စက်တင်ဘာ   ၁၀


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စုများအား နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် ဈေးနှုန်းသက်သာစွာ ဆန်ရောင်းချပေးခြင်းနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask  Campaign ပြုလုပ်ခြင်းတို့ကို့ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။


ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ချိုင်းကျေးရွာအုပ်စု၊ ရန်အောင်မြင် ကျေးရွာအုပ်စုနှင့် ရွာမကျေးရွာအုပ်စုများမှ အိမ်ထောင်စု (၂၄၀)အား တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည် တစ်ထောင်နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ရောင်းချနေမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ကြည့်ရှုအားပေးခဲ့သည်။


ထို့ပြင် မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ဒက္ခိဏသီရိမြို့မ ဈေး၊ လူစည်ကားရာ လမ်းဆုံလမ်းခ (၄) နေရာ၌  ဒေသခံပြည်သူများ၊ ဈေးရောင်းဈေးဝယ် ပြည်သူများအား  နှာခေါင်းစည်း Mask များ အခမဲ့‌ဖြန့်ဝေပေးခြင်း၊  Mask တပ်ဆင်သွားလာရန် အသိပညာ ပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကိုကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment