Pages

Pages

ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိကျောင်းသား/သူများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ




MNP ၊ စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိကျောင်းသား/သူများအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက အရှေ့ပိုင်းရပ်ကွက်-မူလတန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိ ကျောင်းသား/သူများအားသွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိသည်။  အဆိုပါဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကိုယမန်နေ့က အရှေ့ပိုင်းရပ်ကွက်-မူလတန်းကျောင်းမှ ကျောင်းသား/သူ (၅၀)ဦးတို့ လာရောက်ထိုးနှံခဲ့ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment