Pages

Pages

အမ်းမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းပေးခြင်းဆောင်ရွက်



MNP ၊ စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နေ့လည်  ၁၂ နာရီအချိန်က  မြို့နယ်စာရင်းစစ်ရုံးသို့  သွားရောက်ဆောင်ရွက်ခဲ့သည်။

စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များကို စာအုပ်စာပေ အလွယ် တကူဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ စာဖတ်ပရိသတ်များထံကွင်းဆင်းဆောင်ရွက် ခြင်းဖြစ်ပြီး အပတ် စဉ် စာအုပ်၊ စာစောင်အသစ်များအားသွားရောက် လဲလှယ်ပေးသွားမည်။ ထိုသို့ ဆောင်ရွက်ရာတွင် စာဖတ်ပရိသတ်များအနေဖြင့် ကြိုက်နှစ် သက်သည့် သုတ/ ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထု စာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment