Pages

Pages

ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ် (Myanopharm) ထိုးနှံပေး

 


MNP - စက်တင်ဘာ   ၂၉


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း စတုတ္ထအကြိမ် (Myanopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး   ထပ်ဆောင်းထိုးနှံပေးခြင်းကို   မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Does) တတိယအကြိမ်ထိုးနှံပြီး၍ (၆) လနှင့်ထက် ပြည့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myanopharm) ထိုးနှံပေးလျက်ရှိပြီး တစ်ကြိမ်မှထိုးနှံခြင်း မရှိသောသူများကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - စိုးစိုးသွယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment