Pages

Pages

ဆရာတော်ဦးဝါသဝ အား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်


MNP ၊ စက်တင်ဘာ ၃၀

ယနေ့ ကန့်ဘလူမြိုနယ်အတွင်း ဒေသတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်လျှက်ရှိသော ဆရာတော်ဦးဝါသဝ (၅၅၀ ဆရာတော်) လိုက်ပါလာသောကားကို နံနက် ၉နာရီ ခန့်က ကန့်ဘလူမြို့နှင့် မှော်တော်ရွာကြား တောက္ကရှပ်ကျေးရွာအနီးတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ ဆွဲမိုင်း ပေါက်ကွဲခဲ့သော်လည်း ဆရာတော်စီးနင်းလိုက်ပါလာသော ကားကို မိုင်းစ ထိမှန်ခြင်းမရှိ လူ/ယဉ် ထိခိုက်မှုမရှိ ခဲ့ကြောင်းသိရသည်။ 

.အချင်းဖြစ် နေရာကို ကန့်ဘလူ ပြည်သူ့စစ်အဖွဲများက ရှင်းလင်းခဲ့ရာ မိုင်းခွဲရာတွင် အသုံးပြုသည့် ဖုန်းတစ်လုံး၊ ဗုံး အစအနများနှင့် ဒရုန်းတစ်စီး သိမ်းဆည်း ရမိခဲ့ကြောင်း သိရပါသည်။ 

.၅၅၀ဆရာတော်ကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအနေဖြင့် ချောင်းမြောင်း တိုက်ခိုက်ခဲ့သည်မှာ ယခု တစ်ကြိမ်အပါအဝင် ၃ကြိမ် တိုင်တိုင် မိုင်းခွဲတိုက်ခိုက်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှပင် ဆရာတော်ကို ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိခဲ့ကြောင်း သိရပါသည်။ 

ဆရာတော်ဦးဝါသဝ သည် တန့်ဆည်ဒေသ၊ ကန့်ဘလူဒေသ၊ ကျွန်းလှဒေသတို့တွင် အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ့စစ်များဖွဲ၍ ဒေသအကျိုး/ရပ်ရွာအကျိုးစွမ်းစွမ်းတမံ ဆောင်ရွက်နေသော ဆရာတော် တစ်ပါးဖြစ်ပါသည်။

.

https://t.me/MyanmarNationalPost

No comments:

Post a Comment