Pages

Pages

မောင်တောမြို့၌ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲမှု(Online)သင်တန်း ဖွင့်လှစ်ပို့ချ





MNP ၊  စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲမှု(Online)သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ပြန်ကြား ရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community  Center ခန်းမ၌  ယနေ့ နေ့လယ် ၁ နာရီအချိန် က Zoom Meeting ဖြင့် သင်တန်းဖွင့်လှစ်ပို့ချခဲ့ သည်။ 

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ပြည်နယ်ဦးစီးမှူး ညွန်ကြားရေးမှူး ဦးတင်ကိုဝင်းက အဖွင့် အမှာစကားပြောကြားရာတွင်  မိမိတို့ ဌာန အနေဖြင့် စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်း များကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ၊စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲမှု(Online)သင်တန်းဖွင့်လှစ်ပေးသည့် အတွက် ယခု လက်ရှိ စာကြည့် တိုက် မှူး တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်း များ အနေ ဖြင့် စာကြည့်တိုက် လုပ်ငန်း စီမံခန့်ခွဲမှု လုပ်ငန်း များကို ယခင်ထက် ပို၍ ကျွမ်းကျင်စွာဖြင့် စနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း အချိန်ကို အကျိုးရှိစွာအသုံးချပြီး နည်းပြများ၏ သင်ကြားပို့ချမှုများကို  စနစ်တကျ သင်ယူမှတ်သားကြရန်လိုအပ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဇော် ဇော်ဆန်းက သင်တန်းဖွင့်လှစ်ရခြင်း နှင့် ပို့ချပေးမည် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ 

 အဆိုပါ သင်တန်းကို မောင်တောခရိုင်အတွင်းရှိ  မြို့နယ် ၊မြို့ရုံးများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း (၁၁)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းတွင်  ပြည်သူ့စာကြည့်တိုက်စီမံခန့်ခွဲမှု ဘာသာရပ် ၊ စာပေ ပစ္စည်းထိန်းသိမ်းနည်း ဘာသာရပ် ၊ မျိုးတူစုလုပ်ငန်းဘာသာရပ် တို့အား စက်တင်ဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ သုံး ရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။


အောင်ကျော်စိန် ၊ သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment