Pages

Pages

မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ လူမှုရေးအသင်းအဖွဲ့အစည်းများအား PPE Level-2 ဝတ်စုံများ ပေးအပ်လှူဒါန်း

 



MNP - စက်တင်ဘာ   ၉


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲက မြို့နယ်အတွင်းရှိ လူမှုရေး အသင်းအဖွဲ့အစည်းများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက လှူဒါန်းသော PPE Level 2 ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်က မြန်အောင်မြို့ ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်သူရိန်ထွန်းနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌ ဦးနေဝင်းတို့က မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ ကိုဗစ်ကာလများတွင် ရပ်ရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု ကူညီလုပ်ဆောင်မှုများကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်းနှင့်  PPE ဝတ်စုံများ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ လူမှုရေး အသင်းအဖွဲ့ (၁၄)ခုတို့အား PPE Level-2 ဝတ်စုံ (၅၅၀)ကို ခွဲဝေပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် ကျန်ရှိသော လူမှုရေးအဖွဲ့များကိုလည်း ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ် ကြောင်း သိရသည်။


အဆိုပါ PPE Level -2 ဝတ်စုံများ လှူဒါန်းပွဲ အခမ်းအနားသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ် ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရ သည်။    


သတင်း - ဝင်းဗိုလ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment