Pages

Pages

ဘီးလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူမှုကူညီကယ်ဆယ်ရေး ပရဟိတ အသင်းများသို့ PPE ဝတ်စုံနှင့် ကိုဗစ် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်




MNP ၊ စက်တင်ဘာ ၁၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်အတွင်း ရှိ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းများအား PPE ဝတ်စုံ၊ နှင့် ကိုဗစ် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ် သည်။


အခမ်းအနားတွင် ဘီးလင်းမြို့နယ် ကြက်ခြေနီ အသင်းခွဲ ဒုတိယဥက္ကဌ ဦးမြဦးက အဖွင့်အမှာစကားပြောကြားပြီး ကြက်ခြေနီ အသင်းခွဲ အတွင်းရေး မှူး  ဦးငွေဝင်းက ထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားခဲ့သည်။


 ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးလှတင်နှင့်တာဝန်ရှိသူများက ပရဟိတအသင်းတစ်ဖွဲ့လျှင် PPE ဝတ်စုံ ၄၀ ပါတစ်ဖာ၊ Mask ၁ ဗူး ၊Hand Gel ဗူးကြီး ၂ ဘူး၊ Face Shield ၅ ခုစီအားပေးအပ်လှူဒါန်းရာ  ပရဟိတအသင်း ၁၉ ဖွဲ့ မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။


 ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment