Pages

Pages

စမ်းချောင်းမြို့နယ်၌ အသက်(၁၂)နှစ်မှ(၁၈)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံ

 



MNP - စက်တင်ဘာ   ၈


ရန်ကုန်တိုင်းဒေသကြီး၊  စမ်းချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေး၊ မြို့နယ်ပညာရေး၊ မြို့နယ် ကြက်ခြေနီတို့ပါဝင်သော ကျန်းမာရေးစစ်ကြောင်းနှင့် ပညာရေးစစ်ကြောင်းမှ ဝန်ထမ်းများသည်  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၂)နှစ် နှင့်(၁၈)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား Sinopharm အမျိုးအစား ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀)နာရီက အဆိုပါ ကျောင်း၊ ပညာဗိမ္မာန်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ (၃၃၇)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး မြို့နယ် ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကာကွယ်ဆေး လာရောက်ထိုးနှံကြသော ကျောင်းသား၊ ကျောင်းသူများကို စာရင်းရေးသွင်းခြင်း အပူချိန်တိုင်းခြင်းတို့ကို  ကိုဗစ်-၁၉‌ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး Mask များလည်းဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်ငြိမ်းချမ်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment