Pages

Pages

ပေါင်မြို့နယ်၌ စိုက်ပျိုးရေးအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show)ပြုလုပ်


MNP ၊ စက်တင်ဘာ  ၁

မွန်ပြည်နယ် ပေါင်မြို့နယ်၌ စိုက်ပျိုးရေးအကြောင်းသိကောင်းရာ  အသိပညာပေး (Talk Show) ကျင်းပ ပြုလုပ်ခြင်းကို ယနေ့နေ့လယ် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပ  ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်ဇာစိုးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ထို့နောက် ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးကျော်စွာလှိုင်က စိုက်ပျိုးရေးဌာန၏ အဓိကလုပ်ငန်းတာဝန်များ  ၊ရာသီအလိုက် စိုက်ပျိုးသီးနှံများအကြောင်း၊စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် တောင်သူများအပေါ် အကောင်းဆုံးဝန်ဆောင်မှုများ ဖြင့်

ဆောင်ရွက် ပေးနေမှုများ၊အခြား NIGO အဖွဲ့များဖြင့်လည်းပူးပေါင်းဆောင်ရွက်ပြီး မိမိဒေသ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းဆွေးနွေသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်   Talk Show ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment