Pages

Pages

ကျိုက်လတ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အကြောင်း သိကောင်းစရာ Talk Show ကျင်းပ





MNP - စက်တင်ဘာ   ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အကြောင်း သိကောင်းစရာ Talk Show ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး ကျိုက်လတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ  တပ်ဖွဲ့မှူး ဒေါ်ဌေးဌေးဝင်းက ရှေးဦးပြုစုနည်းများအကြောင်းနှင့် ရှေးဦးပြုစုခြင်းနေ့အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြား၍ ကြက်ခြေနီလုပ်ငန်းများ ဆောင်ရွက်နေခြင်းနှင့် ပတ်သက်သည့် အကြောင်းတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပ အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကိုလည်း စီစဉ်ကျင်းပဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment