Pages

Pages

ကျိုက်ထိုမြို့နယ်တွင် လူကုန်ကူးမှုအကြောင်းအသိပညာပေး(Talk Show) ဆွေးနွေးပွဲ ပြုလုပ်



MNP ၊ စက်တင်ဘာ ၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ စက်တင်ဘာ(၇) ရက်နေ့ ၊နံနက်ပိုင်းက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုအ ကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြု လုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိ ပညာပေး ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုက်ထိုမြို့မရဲစခန်းမှ ဒုရဲအုပ်မိုးမိုးလှိုင် မှ လူကုန်ကူးမှုဆိုသည်မှာ ၊လူကုန်ကူးမှုမခံရအောင်၊လူကုန်ကူးမှုခံရခြင်းကြောင့်ရရှိလာမည့်ဆိုးကျိုးများ၊လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် လူကုန်ကူးမှုကိစ္စရပ်များကို သိ ရှိပါကသက် ဆိုင်ရာများသို့ သတင်းပေးပို့နိုင် 

ကြောင်းစသည့် အချက်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost




No comments:

Post a Comment