MNP ၊ စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို Talk Show ပြုလုပ် ခြင်းကို ယနေ့နံနက်ပိုင်းက ပေါင်မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားသည်။
သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာငြိမ်း က အိုဇုန်းဓာတ်ငွေ့နဲ့အိုဇုန်းလွှာအကြောင်းအရာများ၊ခရမ်းလွန်ရောင်ခြည်တွေရဲ့
ကောင်းကျိုး၊ဆိုးကျိုးများအကြောင်း၊ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများအကြောင်း၊အဲဒီဒြပ်ပစ္စည်းတွေရဲ့အသုံးဝင်ပုံ၊အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံများနှင့်ကျင်းပရခြင်း၏ရည်ရွယ်ချက်များ၊အိုဇုန်းလွှာကာကွယ်ဖို့အတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပူးပေါင်းပါဝင်ဖို့ ချုပ်ဆိုထားသည့် စာချုပ်များ အကြောင်း၊မြန်မာနိုင်ငံအနေဖြင့်ပါဝင်သည့်စာချုပ်များအကြောင်း ၊ အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများအကြောင်း၊အိုဇုန်းလွှာပျက်စီးစေသောအကြောင်းများကိုထိန်းထိမ်းကြဖို့ မှာကြားဆွေးနွေးသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် Talk Show ပြုလုပ်ခြင်းဖြင့် ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။
မွန်မလေး
https://t.me/MyanmarNationalPost

No comments:
Post a Comment