Pages

Pages

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ် အခမ်းအနား ပြည်မြို့၌ ကျင်းပ



MNP - စက်တင်ဘာ   ၁၉


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ပြည်ခရိုင်ရုံး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၌ ယနေ့နံနက်ပိုင်းက ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။


ခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ အခြေခံပညာဦးစီးဌာန၊ တိုင်းဒသကြီး ပညာရေးမှူးရုံးခွဲ(ပြည်)မှ ဦးတင်ယုက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) သဝဏ်လွှာအား ဖတ်ကြားသည်။


ယင်းနောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများသီးသီး ပေးအပ်ချီးမြင့်ကြပြီး၊ ပြည်ခရိုင်ရုံး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ခေတ္တတာဝန်ခံအရာရှိ ဦးဝင်းထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။


ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ် ဗီဒီယိုကလစ်အား ပြသပြီး၊ တက်ရောက်လာသော တာဝန်ရှိသူများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment