Pages

Pages

မအီမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် မျိုးစိပ်သစ် BA-4 BA-5 ကာကွယ်ရေးနည်းလမ်းများ အသိပညာပေး နှိုးဆော်




MNP ၊  အောက်တိုဘာ     ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တို့မှ ဝန်ထမ်းများက ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်  မျိုးစိပ်သစ် BA-4 , BA-5ရောဂါကာကွယ်ရေးနည်းလမ်းများအား အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက  မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် မျိုးစိပ်သစ် BA-4, BA-5 ရောဂါပိုးသည် ယခင်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးသူများကိုလည်း ကူးစက်နိုင်ပြီး ပြည်တွင်းပိုးတွေ့လူနာများတွင် တွေ့ရှိလာရသည့်အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်မှာနေကြရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ ဆေးကြောကြရန်၊ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်မီစွာ မပျက်မကွက် ထိုးနှံကြရန်နှင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာတစ်ခုခု ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ပြီး ပါးစပ်နှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းကို မဖြစ်မနေ ဆောင်ရွက်ကြရန် စသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ကာကွယ်ရေးနည်းလမ်းများကို မအီမြို့ပေါ် ရပ်ကွက်များအနှံ့ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment