မင်းတုန်းမြို့တွင် Bakery and Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းတုန်းမြို့တွင် Bakery and Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်



MNP - အောက်တိုဘာ  ၁၃


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၁၀ နာရီက အသက်မွေးဝမ်းကျောင်း‌အထောက်အကူပြု Bakery and Snack အမျိုးမျိုး နည်းပညာသင်တန်းဖွင့်လှစ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြီး သင်တန်းသူများအား နည်းပြမှ Bakery and Snack အမျိုးမျိုးပြုလုပ်နည်း လက်တွေ့သင်ကြားပေးခဲ့သည်။


အဆိုပါသင်တန်းတွင် ပဲချောင်း၊ ပဲခွေ၊ ပဲလမုန့်၊ ဒိုးနပ် ပြုလုပ်နည်းများကို အောက်တိုဘာ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ သင်တန်းပို့ချမည်ဖြစ်ပြီး ကျေးရွာများမှ သင်တန်းသူ(၂၆)ဦး တက်ရောက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)