Pages

Pages

ဟိုပန်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ



MNP - အောက်တိုဘာ   ၂၀


"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် အမှတ်(၁၂၉)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ အထကခွဲ(ရွှေဝါ)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား  ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါစာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် အမှတ်(၁၂၉)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဟိုပန်)မှ ဒုတိယရဲမှူး ထွန်းဇော်မျိုးနှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသွား၊ကျောင်းပြန်များတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ဆိုင်ကယ်ဦးထုပ်များ မဖြစ်မနေဆောင်းကြရန်၊  မော်တော်ယာဉ်စီးနင်း မောင်းနှင်ရာတွင် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေများအကြောင်းနှင့် ယာဉ်အန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် ဖြစ်စဉ်များကို ပရိုဂျက်တာဖြင့်ပြသ၍ အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် အစောင် (၃၀၀) ကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။


ဟောပြောပွဲသို့ ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ  အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၇၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ဇင်ဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment