Pages

Pages

ငါးသိုင်းချောင်းမြို့ရှိ အခြေခံပညာကျောင်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေး



MNP - အောက်တိုဘာ   ၁၈


ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ အခြေခံပညာကျောင်းများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် စီမံဆောင်ရွက်ထားရှိမှုအား ယမန်နေ့ နံနက်(၁၀) နာရီအချိန်တွင် ငါးသိုင်းချောင်းမြို့ မီးသတ် တပ်ဖွဲ့စခန်း တာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က(ငါးသိုင်းချောင်း)၊ အ.လ.က(ခွဲ)ဗိုလ်ချုပ်လမ်းနှင့် အ.မ.က (ရေတံခွန်)ကျောင်းများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံထားရှိမှုများ ဖြင့် မီးသတ်ဆေးဘူးများနှင့် ရေသိုလှောင်ကန်များထားရှိမှု၊ လျှပ်စစ်ဝါယာကြိုးများကြံ့ခိုင်မှု ရှိ/မရှိနှင့် မီးတားလမ်းများ ဆောင်ရွက် ထားမှုတို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment