Pages

Pages

မူဆယ်မြို့ လွယ်တိန်းခမ်းတောင်ပေါ်သို့ မိုင်းဖုန်းဆရာတော် သာသနာပြုခရီးကြွရောက်၍ တရားဟောကြား

 


MNP - အောက်တိုဘာ   ၃၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့  လွယ်တိန်ခမ်းတောင်ပေါ်ဘုရားကုန်းတော် သုဝဏ္ဏမိဂဒါစေတီသို့  မိုင်းဖုန်းဆရာတော် သည်  ယနေ့နံနက်  ၁၁ နာရီ ၄၅ မိနစ်အချိန်က  သာသနာပြုခရီးအဖြစ် ကြွရောက်လာခဲ့သည်။


ယင်းနောက် ဆရာတော်ကြီးသည်  ဩကာသ (၃) ကြိမ် ရွတ်ဆို၍ စတင်ကာ ရှမ်း၊ ဗမာဘာသာ နှစ်မျိုးဖြင့် တရားဟောကြားခဲ့သည်။ အဆိုပါ  တရားဟောပြောရာသို့  မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ မူဆယ်ဒေသရှိ ရပ်မိရပ်ဖများ၊ မူဆယ်မြို့ တိုင်းရင်းသား/သူများနှင့် ပန်ဆိုင်း (ကြူကုတ်)  မြို့များမှလည်း တိုင်းရင်းသူ/သားများကလည်း လာရောက်ဖူးမြော်တရားနာခဲ့ကြောင်း သိရသည်။


ထို့နောက် ယနေ့ ညနေပိုင်း ၂ နာရီအချိန်တွင် မိုင်းဖုန်းဆရာတော်ကြီးသည် မူဆယ်မှ နမ့်ခမ်းသို့ သာသနာပြုခရီး ဆက်လက်ကြွရောက်ကြောင်း သိရသည်။


သတင်း - ချယ်ရီမြေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment