Pages

Pages

မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်



MNP ၊ အောက်တိုဘာ ၂၉

မြို့သန့်ရှင်းသာယာလှပရေးအပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်ခြင်းကို  ယနေ့နံနက် ၇ နာရီမှစတင်၍ သံတွဲမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊   မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၂၀၀)ခန့်က မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ‌နေရာ သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။

ယခုလို မြို့သန့်ရှင်းသာယာလှရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုများကို အပတ်စဉ် စနေနေ့တိုင်း စုပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ထံမှသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment