Pages

Pages

မာန်အောင်မြို့သန့်ရှင်သာယာလှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်





MNP ၊ အောက်တိုဘာ၂၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက်ဘောလုံးကွင်းသွားရာလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး များဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်‌ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ကဘောလုံးကွင်းသွားရာလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာရှိချုံနွယ် ပိတ်ပေါင်း၊မြက်ပင်များ၊အမှိုက်များကို ခုတ်ထွင်ရှင်းလင်းသန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးပိုင် အမှိုက်ကားဖြင့်  စနစ်တကျစွန့်ပစ်ခဲ့ကာ သန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။



ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment