Pages

Pages

တောင်ကုတ်မြို့၌ မြို့ကျက်သရေဆောင် ဖောင်တော်ဦးစေတီတော် ရင်ပြင်နှင့်ဓမ္မာရုံ သန့်ရှင်းရေး စုပေါင်းဆောင်ရွက်





MNP ၊ အောက်တိုဘာ ၂၂ 

 ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီအချိန်တွင်မြို့ကျက်သရေဆောင်ဖောင်တော်ဦးစေတီတော်ရင်ပြင်နှင့်ဓမ္မာရုံသန့်ရှင်း သာယာ လှပရေး အတွက်စုပေါင်းဆောင်ရွက်ခဲ့သည်။

 စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှု ရေးအသင်းအဖွဲ့ဝင်များက စုပေါင်း၍ စေတီတော်ရင်ပြင်သန်ရှင်းရေးတံမျက်စည်းလှည်းခြင်း၊ ဓမ္မာရုံတော်အတွင်း၊အပြင်တံခါးမှန်များသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စေတီတော်ပတ်ဝန်းကျင်အတွင်းအမှိုက်ကောက်ခြင်းများကိုစုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးအဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment