Pages

Pages

ဘီးလင်းမြို့၊ အထက (ကန်သာယာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးစာပေစကားဝိုင်းပြုလုပ်

 



MNP ၊ အောက်တိုဘာ ၂၁

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာန နှင့် စာပေချစ် မြတ်နိုးသူများအသင်း(Book Club ) အဖွဲ့တို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီက အထက (ကန်သာယာ)ကျောင်း ၊မဟော်သဓာ ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းသူ က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ  က ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပြင်ပ ဗဟုသုတ စာပေများ ဖတ်ရှူ့သည့်အလေ့အကျင့် အားကောင်းလာစေရန် နှင့် ပြင်ပစာပေများ  လေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးကာ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်သည့် ထူးချွန်ထက်မြက်သော  လူငယ်များဖြစ်လာစေရန် အတွက် စာပေစကားဝိုင်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်ဦးတင်ထွန်းဦး နှင့် အထက (ကန်သာယာ)ကျောင်း မှ ကျောင်းသား မောင်ထက်ရှင်းကို ၊ကျောင်းသူ မပန်းဆည်းဆာလွင် တို့က ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာပေရေးရာ များကို  ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများ ဆရာ၊ဆရာမ များ က သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊  ဖြေကြားခြင်းနှင့် ပါဝင်ဖြည့်စွက်ဆွေးနွေးခြင်းများ ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊အထက (ကန်သာယာ)ကျောင်း မှ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမများ၊ကျောင်းသားကျောင်းသူများစုစုပေါင်း အင်အား(၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ဇာနည် 

https://t.me/MyanmarNationalPost

No comments:

Post a Comment