မြိတ်မြို့တွင် ၂၀၂၂ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့တွင် ၂၀၂၂ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ

 



 MNP - အောက်တိုဘာ  ၈


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၂ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို အထက(၁) ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ မြို့နယ်အဆင့် ဆုရကျောင်းသား/သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ ကြသည်။


အခမ်းအနားကို  မူလတန်းပြဆရာမများက "လောကမီးအိမ်" သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်ခဲ့ကြပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ်မှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးငွေစိုးက ဖတ်ကြားသည်။ ထိုနောက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ (၅) ဖွဲ့မှ ခေါင်းဆောင်များ ပေးပို့သော စုပေါင်းသဝဏ်လွှာကို  မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က ဖတ်ကြားသည်။


ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် မြို့နယ်အဆင့်ဆုရရှိသည့် ကျောင်းသား/သူများအား ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မူလတန်းပြဆရာမများက "မြတ်ဆရာ"သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)