Pages

Pages

ဂွမြို့နယ်တွင် (၂၄)ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်




MNP ၊  အောက်တိုဘာ     ၂၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  (၂၄)ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

   

အစည်းအဝေးတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇာနည်ကျော်က ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊နိုဝင်ဘာလ (၂)ရက်နေ့တွင် သိမ်ကုန်း သာသနာ့ဗိမ္မာန်ကြီးတွင် ကျင်းပ ပြုလုပ်နိုင် လျာထားကြောင်း၊မြို့နယ်သံဃနာယက ဆရာတော်ကြီး၏ မိန့်ကြားချက်အရ ဘုန်းတော်ကြီးကျောင်း (၁၉)ကျောင်းမှ ဆရာတော်များကို ဖိတ်ကြားဆောင်ရွက်သွားရန်နှင့် ကထိန်မရရှိသေးသည့် ဘုန်းတော်ကြီးကျောင်းများအနက် ဇီးခုံကျောင်းအား ကထိန်ဆက်ကပ်နိုင်ရေး၊ နှစ်စဉ်ကျင်းပလျက်ရှိသည့်  ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သလို ယခုနှစ်တွင်လည်းအလားတူဆင်ယင်ကျင်းနိုင်ရန်နှင့် ယခင်နှစ်များကအတွေ့အကြုံများကိုအခြေခံ၍ တက်ရောက်လာကြသောဌာဆိုင်ရာအကြီးအကဲများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်ပြောကြားသည်။


ဆက်လက်၍ ဖွဲ့စည်းထားသည့် မဟာဘုံကထိန်ပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီးတို့မှ အဖွဲ့ခေါင်းဆောင်များနှင့် သိမ်ကုန်းဂေါပက အဖွဲ့ဥက္ကဋ္ဌတို့က  ယခင်နှစ်များ အတိုင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ယခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

   

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment