လင်းခေးမြို့တွင် ယနေ့သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါတော်နေ့၌ ဘုရားသွားကျောင်းတက် သီလဥပုသ်ဆောက်တည်ကြသူများဖြင့်စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

လင်းခေးမြို့တွင် ယနေ့သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါတော်နေ့၌ ဘုရားသွားကျောင်းတက် သီလဥပုသ်ဆောက်တည်ကြသူများဖြင့်စည်ကား



MNP - အောက်တိုဘာ   ၉


ရှမ်းအညာမြေ(ခေါ်)လင်းခေးမြို့တွင် ယနေ့သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါတော်နေ့၌ ဘုရားသွားကျောင်းတက် သီလဥပုသ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။             


မြို့တွင်းသာမက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု၊ကျေး ရွာအသီးသီးတို့၌လည်း ရှမ်း တိုင်းရင်းသားများနှင့် ဒေသနေပြည်သူအပေါင်းတို့က သီတင်းကျွတ်လပြည့်ချိန်ခါ ဘုရားသွားကျောင်းတက် မင်္ဂလာယူ၊ အလှူပြုခြင်းများပြုကြကာ အေးချမ်းသာယာလျက် ရှိပါကြောင်း၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ အသီးသီးအလိုက် သော်လည်းကောင်း၊ မိမိတို့၏ နေအိမ်၊ ရုံး အဆောက်အဦးတို့၌လည်းကောင်း ယနေ့ ညအခါတွင်လည်း ဆီမီးတစ်ထောင် စုပေါင်းပူဇော်ထွန်းညှိခြင်း၊ ရောင်စုံအလှ မီးပုံးများ ထွန်းခြင်းနှင့် ဘုရားကျောင်းကန်များတို့၌ ပန်း၊ ဆီမီး၊ အ‌မွှေးနံ့သာများ ကပ်လှူပူဇော်ခြင်း များ ပြုကြခြင်းအားဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ ၂၀၂၂ ခုနှစ် ဝါလကင်းလွတ် သီတင်းကျွတ်ချိန် အခါသမယကို အေးချမ်းစွာဖြင့် ဆင်ယင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။


သတင်း - စိုင်းဇော်လတ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)