မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်



MNP - အောက်တိုဘာ  ၂၄


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အောင်သာကျေးရွာတွင် စိုက်ပျိုးရေးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးတို့မှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့  နံနက် (၉) နာရီ အချိန်က တောင်သူဦးတင်ဆန်းလွင်နှင့် ဦးတင်ရှိန်တို့၏ မိုးစပါးစိုက်ခင်းများအတွင်း ကျင်းပခဲ့သည်။


ရှေးဦးစွာ စိုက်ပျိုးရေးဌာန၊ ခရိုင်ဦးစီးမှူး ဦးနိုင်မော်လွင်မှ မိုးစံပါးစံကွက် ရိတ်သိမ်းရခြင်း ရည်ရွယ်ချက်များအား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုခိုင်က စံကွက်ရိတ်သိမ်းခြင်း နည်းစနစ်များနှင့် စံကွက်ရိတ်သိမ်းရာတွင် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။              


ထို့နောက် ဆင်းဧကရီ-၃ မိုးစပါး စံပြစိုက်ခင်းများအား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကပျှမ်းမျှ အစိုတင်း (၁၀၄)တင်း ထွက်ရှိကြောင်းသိရှိရပြီး အဆိုပါ ကွင်းသရုပ်ပြပွဲသို့ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပညာဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)