Pages

Pages

ပန်းဘဲတန်းမြို့နယ်တွင် ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားအလုပ်ရုံ ဆွေးနွေးပွဲ ဆောင်ရွက်

 



MNP - အောက်တိုဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီတွင် ပန်းဘဲတန်း မြို့နယ် အထက-၁ ကျောင်း၌ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဇော်ဇော်ဝင်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးလှနီက အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်း ဆွေးနွေးရာတွင် အခြေခံပညာကျောင်းများ၏ သင်ကြားမှု၊ သင်ယူမှု အရည်အသွေးများ တိုးတက် ကောင်းမွန်လာစေရန်၊ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေရန်၊ ခေါင်းဆောင်မှုဖြင့် စီမံခန့်ခွဲရာတွင် ခေါင်းဆောင်ကောင်းတစ်ဦး၏ အရည်အချင်းများ ပြည့်စုံမှုရှိစေရန်၊ ယုံကြည်ချက်၊ ခံယူချက် မှန်ကန်မှုရှိပြီး တာဝန်နှင့် စည်းကမ်းများကို လိုက်နာကာ အရည်အချင်းရှိသော ခေါင်းဆောင်များ၏ စီမံခန့်ခွဲမှုပညာသည် အလွန်အရေးကြီးသဖြင့် ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ  အခြေခံပညာ အထက်တန်းကျောင်းအုပ် (၃)ဦး၊ အလယ်တန်းကျောင်းအုပ် (၂)ဦး၊ မူလတန်းကျောင်းအုပ် (၃)ဦး စုစုပေါင်း (၈)ဦးတို့ တက်ရောက် ပြီး ပညာရေးကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း ဘာသာရပ်များကို အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သတင်းရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment