Pages

Pages

ကျုံ‌ပျော်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

 

MNP - အောက်တိုဘာ   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကာ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို မြေရဲတောင်အုပ်စု တောင်သူဦးတင်ရှိန်၏  မှော်ဘီ(၃) စပါးမျိုး စံပြကွက်၊ ဧက(၁၀၀)  တစ်ဧက တင်း(၁၀၀) ထွက်ရှိရေး စိုက်ခင်း ၃ ဧက  အတွင်း၌  ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။


အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုး‌‌ရေးဦးစီးအရာရှိ ဦးကျော်ကျော်နှင့် ဝန်ထမ်းများ၊ စိုက်၊ တိုး၊ မြင့် ဝန်ထမ်းများနှင့် တောင်သူ(၅၀)ဦးတို့ တက်ရောက်ကြပြီး၊ ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက မိုးစပါး(စိုက်ခင်း) တစ်ဧကအတွက် မြေပြင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊  ရိတ်သိမ်းခြင်းနှင့် သွင်းအားစုစသည့် လုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ရိတ်သိမ်းပွဲကို ရိတ်သိမ်းခြွေလှေ့စက် အသုံးပြု၍ မှော်ဘီ(၃) စပါးမျိုး စိုက်ခင်း(ဝ.၁၀)ဧက စံကွက်တွင် ပြုလုပ်ရာ  စပါးအစိုဓာတ် ၁၆.၃% တွင် (၆၅၆.၃) ပေါင် ရရှိပြီး၊ တစ်ဧကလျှင် အစိုထွက်နှုန်း (၁၄၂.၉)တင်းနှင့် အခြောက်ထွက်နှုန်း (၁၃၆.၈၉)တင်း အထိထွက်ရှိကြောင်း၊ အဆိုပါစံကွက်တွင် စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံကို ဆက်လက်စိုက်ပျိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment