မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ်တရားလွှတ်တော် ပင်မအဆောက်အဦ တည်ဆောက်ပြီးစီးနေမှုနှင့် အချောသပ်လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေတို့အား ကြည့်ရှု စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ်တရားလွှတ်တော် ပင်မအဆောက်အဦ တည်ဆောက်ပြီးစီးနေမှုနှင့် အချောသပ်လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေတို့အား ကြည့်ရှု စစ်ဆေး




MNP - အောက်တိုဘာ ၂၃


မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွန်ပြည်နယ် တရားလွှတ်တော်အား ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၃) မှ တာဝန်ယူတည်ဆောက်‌နေသည့် မွန်ပြည်နယ်တရားလွှတ်တော် ပင်မအဆောက်အဦ တည်ဆောက်ပြီးစီးနေမှုနှင့် အချောသပ် လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေအား မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ယနေ့ နေ့လည်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။


ပြည်နယ်တရားလွှတ်တော် စီမံကိန်း ရှင်းလင်းဆောင်တွင် အဆောက်အဦ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်မှ မွန်ပြည်နယ်တရားလွှတ်တော် (၂၄၀ ပေ) ပတ်လည် RC (၃) ထပ် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိသူမှ ဘဏ္ဍာရေးနှစ်အလိုက် ရရှိရန်ပုံငွေနှင့် ရန်ပုံငွေအပေါ် ဆောင်ရွက်ထားရှိမှု၊ အထူးအချောသပ်လုပ်ငန်း ဆောင်ရွက်မှု၊ Extra Word ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ ဆောင်ရွက်ရာတွင်သတ်မှတ် ကာလ အတွင်း အချိန်မီပြီးစီးစေရေးနှင့် စံညီစံညွှန်းနှင့် ပြည့်မီစေရေး အထူးအလေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)