Pages

Pages

ဒေါ်လာကိုဈေးကြီးမိထားသူတွေ ကောလဟလ လုပ်ကြံသတင်းများ ဖန်တီးပြီး သူတို့ပိုက်မိထားတဲ့ ဒေါ်လာတွေပြန်ထုတ်ဖို့ ကြိုးစားနေဟုဆို


MNP ၊ အောက်တိုဘာ ၂၂

ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့(Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ဒေါ်လာဈေးလှုပ်ခတ်မှုကြောင့် စက်သုံးဆီဈေးတက်မည်၊ ပြတ်တောက်မည်ကိုစိုးရိမ်ပြီး စက်သုံးဆီဆိုင်များတွင် ကားများတန်းစီလျက်ရှိသည်။ အချိုဆိုင်များတွင် 95 Ron များပြတ်တောက်သွားသည့် အခြေအနေမျိုး ကြုံတွေ့ရသည့် အခြေအနေနှင့် ပတ်သက်၍ စီးပွားကူးသန်း တာဝန်ရှိသူတစ်ဦးက ဒေါ်လာကို ဈေးကြီးမိထားသူတွေက ကောလဟလတွေထုတ်ပြီး သူတို့ပိုက်မိထားတဲ့ ဒေါ်လာတွေပြန်ထုတ်ဖို့ ကြိုးစားနေတာ ဟု ပြောဆိုလိုက်သည်။

စီးပွားကူးသန်း မှ တာဝန်ရှိသူတစ်ဦးက "စက်သုံးဆီကအလုံအလောက်ရှိတယ်။ ပုံမှန်ထက် ပိုဝယ်ကြလို့ ဆိုင်တွေမှာ ခဏပြတ်သွားတာ၊ အခုသီလဝါကနေ ဆီကားတွေနဲ့ ဆီတွေကို ဆိုင်တွေလိုက်ပို့နေတယ်။ ဘာမှထိတ်လန့်စရာမလိုဘူး။ ဒေါ်လာကိုဈေးကြီးမိထားသူတွေက ကောလဟလတွေထုတ်ပြီး သူတို့ပိုက်မိထားတဲ့ ဒေါ်လာတွေပြန်ထုတ်ဖို့ ကြိုးစားနေတာ။ နိုင်ငံတော်မှာ တစ်နိုင်ငံလုံး ရှေ့လအထိသုံးဖို့ ဆီအလုံအလောက်ရှိတယ်"ဟု NOM သတင်းဌာနကို ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment