ကျုံတလုတ်ကျောင်းစုကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံတလုတ်ကျောင်းစုကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး



MNP - အောက်တိုဘာ  ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျုံတလုတ်ကျောင်းစုကျေးရွာအုပ်စု ကန်ကလေးကျေးရွာ အ.လ.က(ခွဲ)ကန်ကလေးကျောင်းတွင်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယနေ့နံနက် ၁၀ နာရီတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍  ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များက အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ကဏ္ဍအလိုက် အသီးသီးရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်တက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါတွေ့ဆုံပွဲသို့ ကျုံတလုတ်ကျောင်းစုကျေးရွာအုပ်စုမှ ပြည်သူ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ကျေးရွာအတွက် လိုအပ်သော အချက်အလက်များကို တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)