Pages

Pages

ဖျာပုံမြို့လောကမာန်အောင်မြောက်ပိုင်းဘုရားကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ စတုဒီသာကျွေးမွေးခြင်းနှင့် ဘုရားဖူးများဖြင့်စည်ကား

 



MNP - အောက်တိုဘာ   ၉


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သလိပ်ကြီးကျေးရွာ၊ လောကမာန်အောင်မြောက်ပိုင်းဘုရားကြီးတွင် အောက်တိုဘာလ (၉)ရက်နေ့ နံနက် (၈)နာရီအချိန်မှစတင်ကာ စတုဒီသာကျွေးမွေးခြင်းနှင့် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိသည်။


ဖျာပုံမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများ၊ ဘုရားများတွင် သီတင်းကျွက်လပြည့်နေ့ နံနက်ပိုင်းမှစတင်ကာ စတုဒီသာကျွေးမွေးခြင်းများနှင့် ဘုရားဖူးလာရောက်ကြသည့် ပြည်သူများကဘုရားအတွင်း ဆီမီး၊ ရေချမ်း၊ ဘုရားပန်း၊ အမွှေးတိုင်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဥပုဒ်သီလစောက်တည်ခြင်းတို့ဖြင့် စည်ကားလျက်ရှိပြီး မြို့နယ်အတွင်းရှိ အလှူရှင်များကလည်း၊ စတုဒီသာများကျွေးမွေးခြင်းနှင့် ညပိုင်းအချိန်တွင် ဆီမီးများဆက်ကပ်ပူဇော်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment