Pages

Pages

ပိုင်ကျုံမြို့၌ မြို့သာယာလှပရေးအတွက် အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း (၇၅) ရာခိုင်နှုန်းပြီးစီး



MNP -  အောက်တိုဘာ   ၁၈


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းများ၊   တံတားများ တည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပ‌ရေးအတွက် Flower Box များနှင့် အုတ်စီရေမြောင်းများ တည်ဆောက်ပေးခဲ့သည်။


ပိုင်ကျုံမြို့တွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၆၃၁) သန်းဖြင့် အုတ်စီရေမြောင်းလုပ်ငန်း (၄) ခု တည်ဆောက်ခြင်း လုပ်ငန်းကို ဩဂုတ်လအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ (၇၅) ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယင်းလုပ်ငန်းများပြီးစီးပါက မြို့သာယာလှပ‌လာမည့်အပြင် ရေစီးရေလာကောင်းမွန်လာပြီး ဒေသနေပြည်သူများအနေဖြင့်  ကျန်းမာရေးနှင်အညီ လူနေမှုဘဝနှင့်သွား‌ရေးလာ‌ရေးအတွက် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - နော်ခူး 


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment