Pages

Pages

လဲချားတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 



MNP - အောက်တိုဘာ   ၁၄


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း အတတ်ပညာများပြည်သူလူထုအတွင်းသို့ ပျံ့နှံ့ရောက်ရှိစေရန်နှင့် မတော်တဆထိခိုက်မှုများမှ ကာကွယ်နိုင်စေရန်ရည်ရွယ်ပြီး ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။


ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးမျိုးဆွေမှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်တပ်ဖွဲ့ မှူးနှင့် နည်းပြများမှ ရှေးဦးပြုစုခြင်း၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာအမျိုးမျိုး ပြုစုနည်းများ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ လူနာသယ်ဆောင်နည်း စသည့် လုပ်ဆောင်ရမည့်နည်းလမ်းများကို စာတွေ့၊ လက်တွေ့ သင်တန်းပို့ချပေးသွားမည်ဖြစ်သည်။


အဆိုပါ သင်တန်းကို သင်တန်းသား/သူ စုစုပေါင်း (၁၃၂)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၃)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း  သိရသည်။


သတင်း - လဲချား 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment