Pages

Pages

ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းအား ကွင်းဆင်ကြည့်ရှု



MNP - အောက်တိုဘာ  ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာတွင် အောက်တိုဘာ  ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မိုးစပါးစံကွက်ရိတ်သိမ်းခြင်းအား ဌာနဆိုင်ရာအကြီးအကဲများမှ ကွင်းဆင်းကြည့်ရှုခဲ့ ကြောင်း သိရသည်။


အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းအား ကွင်းခြင်းကြည့်ရှုရာတွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာ၊ ကွင်းအမှတ် ၁၀၀၀ (ဃ)၊ ကျုံတုံးတောင်ကွင်း၊ ဦးပိုင်အမှတ်(၈/၂)၊တောင်သူ ဦးသန်းစိုး၏ မိုးစပါးဆင်းသုခစိုက်ခင်းအား သွားရောက်၍ မိုးစပါးစံကွက်ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ (၁)ဧကလျှင် စပါး အစိုထွက်(၈၂)တင်းခန့် ထွက်ရှိခဲ့ပြီး အဆိုပါစိုက်ခင်းမှာ ကျဲခင်းဖြစ်ကြောင်း သိရသည်။


သတင်း - ဟိန်းထက်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment