Pages

Pages

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်အသိပညာပေးကွင်းဆင်းဆောင်ရွက်



MNP - အောက်တိုဘာ  ၂၀


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.မ.က(မူလွန်)တလုတ်ကုန်းနှင့် အ.မ.က(မူလွန်)ခင်တန်းကျောင်းများသို့ ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ခင်မာက စာဖတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ကလေးများအား ကိုယ်ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုများရရှိစေရေး ရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပြီး ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများဆောင်ရွက်ကာ ကလေးငယ်များအား စာဖတ်သည့် အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်ခင်မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment