မအီမြို့၌ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒ၏ တရားစခန်းဖွင့်လှစ်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒ၏ တရားစခန်းဖွင့်လှစ်မည်




MNP ၊ အောက်တိုဘာ  ၂၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရတနာမာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒ၏ " အထူးအလုပ်ပေး (၇) ရက် တရားစခန်း " ကို ယခုလ တန်ဆောင်မုန်းလတွင် မအီမြို့၊ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာကျောင်းတိုက်၌ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း အဆိုပါကျောင်းတိုက် ဓမ္မဝန်ဆောင်အဖွဲ့က သိရသည်။


ဖော်ပြပါ " အထူးအလုပ်ပေး (၇) ရက် တရားစခန်း " တွင် ဓမ္မအသိ၊ ဓမ္မလမ်းစဉ်၊ ဓမ္မကျင့်စဉ်များနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အားထုတ်လိုက်နာဆောင်ရွက်ရမည့် ဓမ္မနည်းလမ်းများစွာတို့အား မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒကိုယ်တိုင်ကြီးမှူး၍ လမ်းညွှန်ပို့ချဟောကြားသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းတိုက်မှ  အရှင်ဉာဏိသရနှင့် အရှင်ဥတ္တမသာရတို့မှလည်း အနုမောဒနာတရားတို့ကို ဖြည့်စွက်ပို့ချပေးကြမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ တရားစခန်းသို့ ရပ်နီးရပ်ဝေးမှ ဓမ္မမိတ်ဆွေများ အချိန်မီသိရှိ၍ စာရင်းပေးသွင်းဝင်ရောက်နိုင်စေရန် မအီမြို့ပေါ် လူစည်ကားရာနေရာများတွင် ဗီနိုင်းများစိုက်ထူကြော်ငြာ၍လည်းကောင်း၊ facebook page လူမှုကွန်ယက်စာမျက်နှာတို့တွင် လွှင့်တင်၍လည်းကောင်း အသိပေးနှိုးဆော်ထားပါကြောင်းနှင့် တရားစခန်းကို တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော်(၈)ရက်နေ့အထိ လမ်းညွှန်ပို့ချသွားမည်ဖြစ်ကြောင်း ဓမ္မဝန်ဆောင်အဖွဲ့က သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)