မိုင်းယောင်းမြို့နယ်အတွင်းမှ တိုင်းရင်းသားကျေးရွာများ၌ ရိုးရာကောက်သစ်စားပွဲများ ပျော်ရွှင်စွာဆင်နွှဲလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယောင်းမြို့နယ်အတွင်းမှ တိုင်းရင်းသားကျေးရွာများ၌ ရိုးရာကောက်သစ်စားပွဲများ ပျော်ရွှင်စွာဆင်နွှဲလျက်ရှိ




MNP - အောက်တိုဘာ  ၂၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း၌ ဒေသခံ ဌာနေတိုင်းရင်းသားများ၏ ရိုးရာကောက်သစ်စားပွဲများကို မိုးနှောင်းရာသီ ဆောင်းဝင်ခါစ စက်တင်ဘာလကုန်ပိုင်းမှစ၍ တိုင်းရင်းသားကျေးရွာများ၌ ပျော်ရွှင်စွာ ကျင်းပဆင်နွှဲလျက် ရှိကြောင်း သိရသည်။


တိုင်းရင်းသားရိုးရာ ကောက်သစ်စားပွဲများကို ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ ကျင်းပကြကာ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသော စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ ငရုတ်သီးနှင့် အခြားရာသီပေါ်သီးနှံများကို ကိုးကွယ်ယုံကြည်သူထံ ဦးဦးဖျားဖျား ဆက်ကပ်ပူဇော်၍ စုပေါင်းပြီး ဆုတောင်းကြသည်။


ရိုးရာကောက်သစ်စားပွဲကျင်းပသည့် ဤအချိန်တွင် အဝေးရောက်နေသူများမှာလည်း မိမိတို့ မွေးရပ်မြေရှိ မိဘဆွေမျိုးများထံသို့ ပြန်လာကြပြီး မိသားစုလက်စုံထမင်းဝိုင်းများနှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေအပေါင်းအသင်းများဖြင့် မိတ်ဆုံထမင်းဝိုင်းများ ကျင်းပပြုလုပ်ကြသည်။ 


မိုင်းယောင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားများ၏ နှစ်စဉ်ကျင်းပမြဲ ရိုးရာဓလေ့ တစ်ခုဖြစ်သော ကောက်သစ်စားပွဲများကို ယခုနှစ်တွင် မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားကျေးရွာများဖြစ်ကြသည့် ဇိအုံ၊ အောင်မြေ၊ အေးချမ်း၊ နမ့်နော်၊ တာကော်ဆာ၊ ကော်ဆမ်မိန်းနှင့် ရှေခင်ကျေးရွာတို့၌ ပျော်ရွှင်စွာ ကျင်းပဆင်နွှဲလျက်ရှိကြောင်း သိရသည်။


သတင်း- စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)