Pages

Pages

သုံးခွမြိုနယ် ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်လှစ်



MNP - စက်တင်ဘာ   ၉


ရန်ကုန်‌တောင်ပိုင်းခရိုင်၊ သုံးခွမြိုနယ်တွင် ရှေးဦးပြုစုခြင်း အတတ်ပညာများ ပြည်သူလူထုအတွင်း ပြန့်နှံ့ရောက်ရှိစေရန်နှင့် မတော်တဆ ထိခိုက်မှုများမှ ကာကွယ်နိုင်ရန်အတွက် ယမန်နေ့နံနက် ၉ နာရီက မြိုနယ်ကြက်ခြေနီ အသင်း(ခွဲ) ရုံးတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲ အတွင်းရေမှူး မြို့နယ်တပ်ဖွဲ့မှူး ဦးဝင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီ တပ်ခွဲမှူး ဦးမျိုးနိုင်က ရှေးဦးပြုစုခြင်း၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် ပြုစုနည်းများ၊ အခြေခံ အသက်ကယ် အထောက်အကူပြုနည်း၊ လူနာသယ်‌ဆောင်နည်း စသည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။


အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ  ၂၀ ဦး တက်ရောက်ခဲ့ကြပြီး (၈-၁၀-၂၀၂၂)ရက်နေ့မှ (၁၀-၁၀-၂၀၂၂)ရက်နေ့ထိ သုံးရက်ကြာ စာတွေ့လက်တွေ့ သင်တန်း ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း- စည်သူလင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment