Pages

Pages

ကလေးအလုပ်သမားပပျောက်စေရေးအတွက် လူမှုမိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်



MNP ၊ အောက်တိုဘာ  ၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နေ့လယ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်‌ရေး အသိ ပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အမ်းမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာ ရှိ ဦးစန်းဝင်းကကလေးအလုပ်သမားပပျောက်ရေးအသိ ပညာပေး Talk Show ပြုလုပ်ရသည့်ရည် ရွယ်ချက်နှင့် Online မှတဆင့် အသိပညာပေးလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အမ်း မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဒေါ်ချောစန္ဒီမင်းက ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသည့် အ သက်အရွယ် အောက်ငယ်ရွယ်သူကိုခေါ်ဆိုကြောင်း၊  နိုင်ငံတော်မှ မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားများနှင့်ပတ်သက်၍ အကာအကွယ်ပေးထားသည့် ဥပဒေများရှိကြောင်း၊  ကလေးအလုပ်သမား ပပျောက်ရေးအတွက် တိုင်းဒေသကြီး/ပြည် နယ်အလိုက် လုပ်ငန်း စီမံချက်များ အ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၈-၁၂- ၂၀၁၃ ရက်နေ့တွင် ILO CONVENTION 182 ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ် သက်၍ မြန်မာနိုင်ငံကလေးပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ တိုင်းဒေ သကြီး/ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း အသိပညာ‌ပေး ဆွေးနွေးပြောကြားခဲ့သည်။

 ကလေးအလုပ်သမားပပျောက်စေရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ မိဘ(သို့)အုပ်ထိန်းသူ၊ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ရပ်မိ/ရပ်ဖများနှင့် လူမှုမိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment