Pages

Pages

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟိုအဆင့်တွင် ကော့သောင်းခရိုင်မှ ဆုရရှိသူများနှင့်ပြိုင်ပွဲဝင်များအား ဂုဏ်ပြုညစာစားပွဲကျင်းပ

 


MNP -  အောက်တိုဘာ  ၂၅


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟိုအဆင့်တွင် ကော့သောင်းခရိုင်မှ ဆုရရှိသူများနှင့်ပြိုင်ပွဲဝင်များအား ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟိုအဆင့်တွင် သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်အသီးသီး ခရိုင်အတွက်ဆွတ်ခူးရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များအားလုံးကို အထူးဂုဏ်ယူကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။


ဆက်လက်၍ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟိုအဆင့်တွင် ကော့သောင်းခရိုင်ကိုယ်စားပြု ရွှေတံဆိပ်ဆုရှင်(၂)ဦး၊ ငွေတံဆိပ်ဆုရှင်(၂)ဦး၊ ကြေးတံဆိပ် ဆုရှင်(၂)ဦးနှင့် နှစ်သိမ့်ဆုအသီးသီးရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြ သည်။ ယင်းနောက် အခမ်းအနားသို့တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုညစာဖြင့် တည်းခင်းဧည့်ခံကျွေးမွေးခဲ့ကြပြီး အခြေခံပညာအဆင့် အမျိုးသမီးစောင်းတီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုအသီးသီးရရှိခဲ့ကြသည့် မအိအိငြိမ်းနှင့် မလဝန်းသဒ္ဒါတို့က မြန်မာ့စောင်းတူရိယာဖြင့် တီးခတ်ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment