မြောင်းမြမြို့ မြသာယာဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့ မြသာယာဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်

 


MNP - အောက်တိုဘာ   ၂၄


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြောင်းမြမြို့ မြသာယာဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။


အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ပွဲကို ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးညွန့်ဝင်းနှင့် စည်ပင်သာယာဝန်ထမ်းများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက် လေ့ကျင့် လက်တွေ့သရုပ်ပြ အသိပညာပေး ဆောင်ရွက်ခဲ့ရာ ဈေးသူ/သားများနှင့် ပြည်သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


မြောင်းမြမြို့နယ်တွင်  မိုးရာသီကုန်ဆုံး၍  ပွင့်လင်းရာသီသို့ ရောက်ရှိ လာပြီဖြစ်၍ ပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ဈေးများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များတွင် ဝါယာရှော့ဖြစ်၍ မီးလောင်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များ၊ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကို လိုက်လံ စစ်ဆေးခြင်းများနှင့်  မီးပေါ့ဆစွာသုံးစွဲခြင်းမှ ရှောင်ကြဉ်တတ်စေရန် အသိပညာပေးခြင်းများ ပြုလုပ်လျက်ရှိပြီး၊ အရေးကြုံလာပါက အပျက်အစီး အဆုံးအရှုံးမရှိစေရေးအတွက် ကြိုတင် ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)