မိတ္ထီလာမြို့နယ်တွင် ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူသင်တန်းနှင့် လက်ရက်ကန်းသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူသင်တန်းနှင့် လက်ရက်ကန်းသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြား

 


MNP - အောက်တိုဘာ ၂၅


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ  ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင်အခွင့်အလှမ်းများ ရရှိစေရေးအတွက်  ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူသင်တန်းနှင့် လက်ရက်ကန်း သင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။


ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ရိုးရာရက်ကန်းပညာကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ကျွမ်းကျင်သောအထည်အလိပ် အတက်ပညာရှင်များ မွေးထုတ်ပေးရန်နှင့် အလုပ်အကိုင်အခွင့်အလှမ်များ ရရှိစေရန်တို့အတွက် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းတို့ကို နှစ်စဉ် အခမဲ့ ဖွင့်လှစ်သင်းကြားပေးလျက်ရှိသည်။ ယင်းတို့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ တစ်နှစ် သင်တန်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ အကုန်အထိ  စက်ရက်ကန်း၊ ဆေးဆိုး၊ လက်ရက်ကန်း၊ တိုင်းရင်းသား ရိုးရာဂျပ်ခုတ်၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ၊ စက်ချည်မျှင်ဆွဲ၊ အမျှင်ကုန်ကြမ်းဘာသာရပ်များနှင့် စက်ချုပ်နည်းပညာကို သင်တန်းသား သင်တန်းသူ ၁၈ ဦးဖြင့် နေ့စဉ် နံနက် ၈နာရီမှ ညနေ ၄ နာရီအချိန်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိသည်။ ၎င်းအပြင် လက်ရက်ကန်း ခြောက်လသင်တန်းကို လက်ရက်ကန်း၊ ဆေးဆိုး၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ၊ လက်ချည်မျှင်ဆွဲဘာသာရပ်များကို ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလအကုန်အထိ ဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ ၎င်းသင်တန်းကို သင်တန်းသားသင်တန်း သူ ၁၀ ဦး တက်ရောက်လျက်ရှိသည်။


အဆိုပါ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းများတွင် သင်တန်းတက် ရောက်သူများအနေဖြင့် အသက် ၁၆ နှစ်မှ ၂၈နှစ်အတွင်း အိမ်ထောင်မရှိသူဖြစ်ရမည့်အပြင် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ် သင်တန်းတက်ရောက်လိုသူများမှာ အလယ်တန်းအောင်ရမည်ဖြစ်ပြီး လက်ရက်ကန်း ခြောက်လသင်တန်း တက်ရောက်သူများမှာ မူလတန်း အောင်မြင်ရမည်ဖြစ်သည်။ သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းရှိ အဆောင်တွင် အခမဲ့နေထိုင်ခွင့်ပြုသည့်အပြင်  ပညာသင်ထောက်ပံ့ကြေး တစ်လလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးလျက်ရှိသည်။ ၎င်းအပြင် သင်တန်းတက်ရောက်ပြီးပါက နိုင်ငံတော်ပိုင်/ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်အလိပ် စက်ရုံများ တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်သည့်အထိ ကူညီပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်ထံမှ သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)