တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၂ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့” အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၂ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့” အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်



MNP - အောက်တိုဘာ   ၁၃


၂၀၂၂ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၉)နာရီ (၃၀)မိနစ်အချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နှစ်စဉ် အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ကို တနင်္သာရီတိုင်းဒေသကြီးမှာ ကျင်းပခဲ့သည်မှာ (၈)ကြိမ်မြောက်ရှိပြီး ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်နှင့် ဘေးဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ယခု ၂၀၂၂ ခုနှစ်မှာကျရောက်သော “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့” ကို ဆန်ဒိုင်းမူဘောင်ပါကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်(၇)ရပ်အနက် သတ္တမမြောက်ဖြစ်သည့် “ကြိုတင်သတိပေးစနစ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ သတင်းပေး အချက်အလက်များ၊ အကဲဖြတ်မှုများကို လူတိုင်းရယူအသုံးချနိုင်မှုအား သိသိသာသာ တိုးမြှင့်ဆောင်ရွက်သွားရန်” ရည်ရွယ်၍ “Early Warning and Early Action For All”  ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက်အားလုံးအတွက်ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျယ်ပြန့်စွာဆောင်ရွက်နေသလို မြန်မာနိုင်ငံမှာလည်း ဘက်စုံ၊ ကဏ္ဍစုံမှ ထည့်သွင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကဏ္ဍအလိုက်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝဘေးလျော့ပါးရေးအစီအမံများ၊ ကြိုတင်သတိပေးထုတ်ပြန်ချက်များရရှိပါက အရေးပေါ်တုံ့ပြန်မည့်အစီအမံများကို သက်ဆိုင်ရာအစိုးရဌာန/အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် မိမိတို့နေထိုင်ရာ ကမ္ဘာကြီးအတွက် မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် မှတ်ယူဆောင်ရွက် သွားကြရန်နှင့် ပြည်သူလူထုတစ်ရပ်လုံးကပါ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် ဖိတ်ကြားထားသော ဧည့်သည်တော်များအား ကုလသမဂ္ဂဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံး (UNDRR)မှ ပေးပို့လာသော သတင်းစကားဗီဒီယိုနှင့် မြန်မာနိုင်ငံသဘာဝဘေးလျှော့ချရေးကြိုးပမ်းမှု မှတ်တမ်းဗီဒီယိုအားပြသပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်တို့က အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ခန်းမအတွင်း ခင်းကျင်းပြသထားသော ဓာတ်ပုံပြခန်းအား လှည့်လည်ကြည်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ကျော်ကျော်လတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)