Pages

Pages

ပေါင်မြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ပိုးသတ်ဆေး စနစ်တကျ သုံးစွဲမှု ကွင်းသရုပ်ပြပွဲနှင့် အသိပညာပေးဆွေးနွေးပွဲပြုလုပ်





MNP ၊  အောက်တိုဘာ  ၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ပိုးသတ်ဆေး စနစ်တကျ သုံးစွဲမှု ကွင်းသရုပ်ပြပွဲနှင့်အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နေ့လယ်က သရုပ်ပြကွင်းဆင်းပြုလုပ်ခဲ့ကြသည်။


ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်၏  ဦးဆောင်မှုဖြင့် ကျွဲခြံကျေးရွာရှိ တောင်သူ ဦးတင်ကိုကို ကွင်းအမှတ် ၈၈၄ တွင်  ပိုးသတ်ဆေးစနစ်တကျသုံးစွဲမှုကွင်းသရုပ်ပြပွဲကို ပြသ ဆောင်ရွက်ခဲ့သည်။


ဆက်လက်၍ ကျားဘိုကျေးရွာတွင်လည်း တောင်သူပညာပေးဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက ပိုမွှားအန္တရာယ်ကျရောက်မှုမှ ကင်းဝေးစေရန်  ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ၏ ရောဂါပိုးကျရောက်သော စပါးခင်းများအား ထိခိုက်ဆုံးရှုံးမှုနည်းပါးအောင် အချိန်နှင့် တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment