ချောက်မြို့နယ်တွင် အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ စီမံခန့်ခွဲမှု့စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောက်မြို့နယ်တွင် အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ စီမံခန့်ခွဲမှု့စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP - အောက်တိုဘာ ၂၉      


မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အထက(၁)မြရိပ်ညိုခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူက အခြေခံပညာကျောင်းအုပ်ကြီးများ၊ စီမံခန့်ခွဲမှု စွမ်းဆောင် ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးထွန်းဆင့်ဝင်းက သင်တန်းအချိန်ဇယားနှင့် သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်း ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ် ၂၀၂ ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်လေးဖြူ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းလွင်ဦး နှင့် ဦးထွန်းဆင့်ဝင်း၊ အမှတ်(၃) အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စိုးမိုး၊ ဦးစီး အရာရှိ ဒေါ်ဇင်မာမျိုးတို့က စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်း၊ ကြီးကြပ်အကဲဖြတ် ဘာသာရပ်များ အား နံနက် ၉ နာရီမှ ညနေ ၄ နာရီ ခွဲအချိန်ထိ အောက်တိုဘာလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့ အထိ (၂) ရက်တာ ဆွေးနွေးပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)