သနပ်ပင်မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သနပ်ပင်မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

 




MNP - အောက်တိုဘာ  ၂၉


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က (သနပ်ပင်) ဇီဇဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦး‌ကျော်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်ရုံဆွေး‌နွေးပွဲသို့ သနပ်ပင်မြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း (၁၂၁)ဦး တက်ရောက် ကြပြီး အလုပ်ရုံဆွေးနွေးပွဲကာလမှာ အောက်တိုဘာ (၂၉) ရက်နေ့မှ (၃၀) ရက်နေ့အထိ (၂) ရက်ကြာဖွင့်လှစ်ပို့ချမည်ဖြစ်သည်။


အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ‌ဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက် တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူလတန်းကျောင်းခွဲများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ လေ့လာသူဖြစ် ကိုယ်ပိုင်‌ကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း (၁) ကျောင်းမှ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - လှမိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)